IT (Information Technology ဆိုလို့ပြောရအုန်းမယ်။)
ဘယ်လိုတင်ရင်ကောင်းမလဲဆိုပြီး စဉ်းစားရင်းနဲ့ အိပ်တာပေါ့။ ဒါနဲ့ စဉ်းစားလေစဉ်းစားလေ အိပ်မရလေ
ဖြစ်ပြီး ည ၃ နာရီတောင် ထိုးသွားတယ်။ ကျောင်းတက်နေတဲ့ ကျောင်းသားတစ်ယောက်မို့ တခါတလေမှာ
Blog post တင်ရတာတောင် မလွယ်ဘူး ဒီလိုမျိုး ညအိပ်နေတဲ့ အချိန်မှာမှ post ဘာတင်ရင်ကောင်းမလဲ
ဆိုပြီး စဉ်းစားတော့ အိပ်မရတော့ဘူး။ ဒါပေမဲ့ အိပ်လိုက်ရင်လဲ နောက်နေ့ဆို ညက စဉ်းစားထားတွေကို
သတိပြန်မရတော့ ရေးဖို့ကမဖြစ်တော့ပြန်ဘူး။ ထရေးရအောင်လဲ မိုးကလင်းနေပြီး မနက်ကျရင်လဲ
ကျောင်းသွားရအုန်းမယ်။ သူငယ်ချင်း တချို့ကတော့ အားပေးပါတယ် Blog က ကျောင်းပြီးသွားမှ
အေးအေးဆေးဆေးရေးလဲ ရတယ် ကျောင်းတက်နေတာက စာမလိုက်နိုင်ရင် မအောင်ဖြစ်ပြီး
ဘာမှအကျိုးမရှိဘဲနေမယ် Blog ကို ခဏပစ်ထားလို့လဲပြောကြတယ်။ ဒါနဲ့ အခုတာင် ရေးမဲ့ အကြောင်းနဲ့
မဆိုင်တဲ့ ရင်တွင်းဖြစ်တွေကို အိုင်တီနဲ့ ပေါင်းပြီး ရေးနေမိပြန်ပြီး ဆော်ရီးပါ။
အိုကေ IT (Information technology) အရှည်ပေါ့။ ဒါကတော့ တကယ်တမ်းသေသေချာချာဖတ်ကြည့်မယ်
ဆိုရင် Information ဆိုတာက နောက်ဆုံးရသတင်းပေါ့ ဆိုပါစို့ နောက်ဆုံးရနည်းပညာသတင်းပေါ့။
ဒါက တကယ်မှာ Computer ကိုလိုက်စားရတော့မယ်ဆိုရင် IT က ဘာမှမဟုတ်တော့ဘူး တကယ်တမ်းမှာက
Application software or Software Development ဖြစ်လာတယ်။ ဆိုတော့ အခု ကျွန်တော် blog မှာ
တင်နဲ့ နေရာမှာ လူအများစုက IT ကိုဘဲ ဖတ်ကြတာတွေ့ရတယ်
ဒါကတော့ hack မလား၊ Online fishing လား၊ Proxy လား၊
မြန်မာပြည် TV လိုင်းအလကားကြည့်မလား။
ဖွင့်မရတဲ့ ဆိုဒ်တွေဖွင့်မယ်။
Myanmar to English, English to Myanmar (ရုပ်,အသံ)
စတဲ့ ကျွန်တော် Blog မှာ hit များတဲ့ ပိုစ်တွေပေါ့ ဒါတွေကို ကြည့်လိုက်ရင် ကျွန်တော် blog မှာကြည့်
နေတဲ့ ပရိတ်သိတ်တွေကို IT သမားတွေဘဲ
Application software or Software Development သမားတွေ မဟုတ်သေးဘူးဆိုတာကို သတိထား လို့ရပါတယ်။ ဒါဟာလဲ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကလဲ ဒါတွေကိုဘဲ အဓိကတင် တာမို့လို့ပါ အခု ကျွန်တော်ပြောတဲ့ Application Software ကတော့ Software တွေရှိသမျှကို အသုံးပြုတဲ့ သူတွေပေါ့ ဒီနေရာမှာ Animator က Adobe Flash ကို ပိုင်နေအောင် အသုံးပြုမယ် ပြီးတော့ ဒါနဲ့ အသက်မွေးဝမ်းကြောင်းပြုမယ်။ Video Editor လုပ်တဲ့ သူက Adobe Premiere or AutoCut စတဲ့ Video နဲ့ပိုက်သက်တဲ့ Software တွေကို ပိုင်အောင်သုံးမယ်။ ဒီလိုမျိုးစတဲ့ Software တွေကို ပိုင်ပိုင်နိုင်နိုင် အသုံးပြုတဲ့ လူတွေဖြစ်ပါတယ်။ သူတို့ကို IT သမားတွေလို့ ခေါ်ရင်လဲရပါတယ် ဒါပေမဲ့ နည်းနည်းအဆင့်
မြင့်လာတာနဲ့ အမျှ ကျွန်တော်တို့လဲ ခေါ်ဝေါ်လေးတွေကို ပြောင်းပြီး ခေါ်ကြည့်ကြတာပေါ့။
Software Developer သမားတွေ ကျတော့ Software တွေကို တီထွင်တာမျိုးဖြစ်ပါတယ်။ Code တွေကို
ရေးပြီးတော့ Software တွေကို ထုတ်ထာဖြစ်ပါတယ်။ အခု မြန်မာ Dictionary တို့ Typing တို့စတာ
တွေကို code ရေးတဲ့ သမားတွေကို Software developer တွေပေါ့။ ပြောမယ်ဆိုရင်တော့ သူတို့က
ပိုပြီး အခြေံခံကျတာပေါ့ သူတို့ရေးထားတဲ့ Software တခုဆိုရင် သူတို့က အလိုလို Application software
သမားတွေလဲ ဖြစ်သွားတာပေါ့။
ဆိုတော့ Application software နဲ့ ပက်သက်တဲ့ Adobe Flash နဲ့ Website လုပ်တာတို့ animation
တို့၊ Adobe Premiere, Visual studio စတဲ့ ဒီင်္လိုမျိုးတွေကို ကျတော့ Tutorials ဆိုပြီးတော့
step by step ပုံနဲ့ဖြစ်ဖြစ် စာနဲ့ဖြစ်ဖြစ်ရေးပြီးတော့ သင်ပေးတာမျိုးတွေကို ကျွန်တော် blog မှာ
တခါတလေတော့ ရေးဖြစ်ပါတယ် အခုဆိုရင် ကျောင်းက သင်တဲ့ ဟာတွေကို ရေးခြင်သား ဒါပေမဲ့
ဖတ်မဲ့လူ၊စိတ်ဝင်စားပြီး လုပ်မဲ့လူလဲ မရှိတာရယ် အချိန်၊ပြီးတော့ Software ကိုအရင်ရှာပြီး
တင်ပေးရတာတွေ နဲ့ ကျွန်တော် အလုပ်ရှုပ်တာကြောင့် မတင်ပေးဖြစ်တာပါ။
Software Development ကျတော့ code တွေဖြစ်သွားပြီး ဒါကျတော့လဲ ပိုစ့်အနေနဲ့ တင်လို့မရဘူး။
ဘာဖြစ်လို့လဲဆိုတော့ Software Development ကိုလေ့လာတဲ့လူတွေက Tutorials ကို သိပ်မဖတ်
တော့ဘူး။ သူတို့ရှိပြီးသာ Code တွေကိုဘဲ နည်းအမျိုးမျိုးနဲ့ အသုံးပြုပြီး ရေးကြတာဆိုတော့
Code တင်ပေးရအောင်လဲ Code က သူရဲ့ လုပ်နဲ့တဲ့ language ပေါ်မှုတည်တယ်ပြီးတော့
ကျွန်တော်ကိုယ်တိုင်လဲ ချာချာလည်နေတုန်း မို့လို့ပါ။
ကျွန်တော်က အခုလောလောဆယ်တော့ (Information Technology ,
Application Software and Software development) ကိုတက်နေတယ်ပြီးတော့ Multimedia လဲ
တက်နေတယ် ဆိုတော အရမ်းကို ကြိုးတွေစားနေရတာပေါ့ဗျာ
အားလုံးပြန်အလှန်ဝိုင်းဝန်းကူညီပြီး နည်းပညာတွေ ဝေမျှကြတာပေါ့ ခင်ဗျာ
ကျေးဇူးတင်ပါတယ်။
အချိန်မရတော့လို့ စဉ်းစားရင်းနဲ့ လက်တန်းရေးလိုက်တယ်နော် မှားတာတွေရှိရင် ပြန်ပြောကြပါအုန်း
တခါတလေ စိတ်ကစဉ်းစားတာနဲ့ ရေးချလိုက်တာက
(အခု)လို့ပြောချင်ပေမဲ့ (အခါ) ဆိုပြီးရေးတက်လို့ပါ
No comments:
Post a Comment