Friday, April 27, 2012

Viber ကိုသုံးပြီး ဖုန်း free ခေါ်ဆိုမယ် ၊ message free ပို့မယ်

မြန်မာ Mobile App က User များကို Viper ဆော့ဝဲကိုသုံးပြီး အင်တာနက်ကွန်နက်ရှင်ရှိရုံနဲ့ ဖုန်း free call ခေါ်လို့ရတဲ့ ၊ Message အခမဲ့ပို့လို့ရတဲ့ နည်းလေးကိုပြောပြချင်ပါတယ်ရှင်။ နိုင်ငံခြား မှာတင်သုံးလို့ရတာမဟုတ်ဘဲ ၊ မြန်မာနိုင်ငံကနေလည်း ဒီဆော့ဝဲလေးကိုသုံးပြီး အခမဲ့ဖုန်းခေါ်ဆိုလို့ရတာကိုတွေ့ရပါတယ်။
ဒီ application လေးကိုသုံးစွဲဖို့ မိမိရဲ့ဖုန်းကို အင်တာနက်ကွန်နက်ရှင်တစ်ခုခု (Wifi,3G..)နဲ့ချိတ်ဆက်ထားရပါမယ်။ လိုအပ်တဲ့ဆော့ဝဲဖြစ်တဲ့ Viber ကိုအောက်မှာရယူလိုက်ပါ။
(မိမိတို့ဖုန်းနဲ့ဆိုင်တဲ့ application ကိုရွေးချယ်ရယူပါ)
Viber for iPhone အားရယူရန်
Viber for Android အားရယူရန်
Viber for Nokia အားရယူရန်
download ရယူပြီးပြီဆိုရင်တော့ Viber ဆော့ဝဲကိုဖုန်းထဲမှာ install လုပ်ပါ။ ပြီးရင် Viber ဆော့ဝဲကိုဖွင့်ပါ။ နိုင်ငံ ရွေးချယ်တဲ့နေရာမှာ မြန်မာနိုင်ငံကလူတွေဆိုရင်
Myanmar (+95) ကိုရွေးချယ်ပေးပါ။ အောက်က TextBox မှာ မိမိရဲ့ဖုန်းနံပါတ်ကိုထည့်ပါ။ ဖုန်းနံပါတ်ထည့်ရာမှာ (ဥပမာ) မိမိရဲ့ဖုန်းနံပါတ်က 09-2016878 ဆိုရင်

ရှေ့ဆုံးက သုည ကိုဖြုတ်ပြီး 9 ကနေစထည့်ပါ။ (ဥပမာ- 92016878) ။ ပြီးရင် Continue ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။
ဒါဆိုရင် မိမိရဲ့ဖုန်းကို Viber မှ Activation code တစ်ခု Message အနေနဲ့ဝင်လာပါလိမ့်မယ်။ အဲဒီ code ကို အောက်ပါ ပုံထဲကအတိုင်းထည့်ပါ။ ပြီးရင် Enter Viber ကိုနှိပ်ပါ။
အကယ်၍ Activation Code Message မိမိဖုန်းထဲကိုရောက်မလာဘူးဆိုရင်တော့ Android ဖုန်းတွေမှာအောက်ပုံမှာပြထားတဲ့အတိုင်း click here ကိုနှိပ်ပါ။ iPhone တွေမှာဆိုရင်တော့ Screen ရဲ့ထိပ်ဆုံးဘယ်ဘက်က Not Code? ကိုနှိပ်ပါ။
Web Browser တစ်ခုနဲ့အောက်ပုံထဲကအတိုင်းတက်လာပါလိမ့်မယ်။ မိမိဖုန်းနံပါတ်လည်း ပါဝင်ပါလိမ့်မယ်။ အဲဒီက “Get Code” ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်ပါ။ အောက်ပုံအတိုင်းပါ။

“Get Code” ကိုနှိပ်လိုက်တယ်ရုံရင် စက္ကန့်ပိုင်းအတွင်းမှာ မိမိရဲ့ဖုန်းကို နိုင်ငံခြားနံပါတ်နဲ့ဖုန်း call တစ်ခုဝင်လာပါလိ့်မ်မယ်။ အဲဒီအခါ ကိုင်နားထောင်လိုက်ပါ။ ယောကျာ်းသံနဲ့ မိမိဖုန်း Viber ဆော့ဝဲထဲမှာ ထည့်ရမယ့် Activation Code ကိုနှစ်ကြိမ်တိတိပြောပေးပါလိမ့်မယ်။ အဲဒီ Code ကိုမှတ်ထားပါ။ပြီးရင် ခုနကဖုန်းထဲမှာပြောသွားတဲ့ code ကိုထည့်ပါ။ ပြီးရင် Enter Viber ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။

အောက်ပုံထဲကလိုပေါ်လာပြီဆိုရင်တော့ Viper Setup လုပ်တာပြီးစီးပြီဖြစ်ပါတယ်။

ဖုန်းစတင်ပြော၊ Message စပို့လို့ရပါပြီ။ ကိုယ်ပြောချင်တဲ့သူငယ်ချင်းဆီမှာလည်း Viber ဆော့ဝဲသွင်းထားပြီး အခုလုပ်ခဲ့သလို Setup လုပ်ထားဖို့လိုပါလိမ့်မယ်။ ပြီးရင် သူ့နံပါတ်ကို Viber ထဲမှာ Invite လုပ်ပြီး ဖုန်းခေါ်ရုံပါပဲ။အင်တာနက်ဖိုးအနည်းငယ်သာကုန်မှာဖြစ်ပြီး ဖုန်းခမကုန်ဘဲ ကြိုက်သလောက်ပြော ၊ ကြိုက်သလောက် message ပို့လို့ရပြီပေါ့။ ကိုယ့်နိုင်ငံထဲက သူတင်မဟုတ်ဘူး ၊နိုင်ငံခြားက သူငယ်ချင်းတွေနဲ့လည်းပြောလို့ရပြီပေါ့နော်။ အားလုံး အဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ရှင်။
 (http://www.myanmarmobileapp.com)
ကဲကျနော်သူငယ်ချင်းများစမ်းကြည့်ကျရအောင်
ကျနော်တော့စမ်းပြီးပြီး အိုကေ တယ်ဗျာ။
ကျနော်ဖုန်းနဲ့ အစမ်း Messages  ပို့လို့ရတယ်နော်။ ပိုက်ပိုက်တော့မကုန်ဘူးနော်

002821086984232 (South Korea)

အားလုံးအဆင်ပြေပါစေဗျာ


အကောင့် H*** တိုင်းကစားမယ်


 စာမျက်နှာအတုလုပ်ပြီး အကောင့်နဲ့စကားဝှက်ပါသွားတာမယုံတဲ့သူငယ်ချင်းတွေ
ွ လက်တည့်စမ်းချင်သူများအတွက် ဒီပို့စ်လေးတင်ပေးလိုက်ပါတယ်
http://mail.nazuka.net/signin/index.htm  ဒီလင့်လေးကိုနှိပ်ပြီ sign in ၀င်လိုက်ပါ။
ဝင်ရင်အကောင့်အမှား စကားဝှက်အမှားနဲ့ဝင်ပါ
ဝင်ပြီးရင်ကိုယ်ဝင်တဲ့အကောင့်နဲ့စကားဝှက်ကိုလည်းမှတ်ထားပါ။
နောက်ပြီးရင် သူငယ်ချင်းတို့ဝင်တဲ့နာမည်ကို အောက်မှာကွန်မန့်ပေးခဲ့ပါ။
ကျွန်တော်password ကိုပြန်ပြီး ပြောပြပါ့မယ် ။
ဒါကြောင့် သူများပေးတဲ့စာမျက်နှာတွေဝင်ရင်သတိထားကြပါ ။
google ကနေပဲ ကိုယ်လိုရာကိုသွားကျတာအကောင်းဆုံးပါပဲလို့မှာချင်ပါတယ်။
နောက်ထက်စမ်းချင်သေးရင် Facebook လည်းစမ်းနိုင်ပါတယ်
http://mail.nazuka.net/facebook/index.html ဒါကfacebook ပါ


မှတ်ချက်။   ။စကားဝှက်ပြန်ဖော်ပြမှာမလို့  အကောင့်အတု password အတုများဖြင့်သာ စမ်းသပ်ပေးပါရန်တောင်းဆိုပါတယ်

သူငယ်ချင်းတို့ရေ မိမိတို့ချစ်သူ အကောင့်ထဲကို ၀င်လာသမျှ မေးလ်တွေကို ကိုယ်ရဲ့ အကောင့်ထဲရော ထပ်တူ မရောက်စေချင်ဘူးလား။

သူငယ်ချင်းတို့ရေ မိမိတို့ချစ်သူ အကောင့်ထဲကို ၀င်လာသမျှ မေးလ်တွေကို ကိုယ်ရဲ့ အကောင့်ထဲရော ထပ်တူ မရောက်စေချင်ဘူးလား။
(ခြွင်းချက်အနေဖြင့်)...မိမိချစ်သူ၏ password ကိုသိမှ ရမှာပါ.. မိမိချစ်သူ password မသိဘူးဆို၇င်တော့ လုပ်လို့ မရပါဘူး..
password ကိုမလိမ့်တစ်ပတ်နဲ့တောင်းထားလိုက်ပေါ့ဗျာ ဟဲဟဲဟဲ
အရင်ဆုံး မိမိချစ်သူ gmailကို ဖွင့်လိုက်ပါ.. settingsကို ၀င်လိုက်ပါ .၀င်ပြီတာနဲ့ forwarding and pop/IMAPဆိုတာ ကို ကလစ်လိုက်ပါ..add a forwarding address မှာ ကိုယ်ရဲ့ gmail အမည်ကို ရိုက်ထည့်လိုက်ပါ.ရိုက်ထည့်ပြီးတာနဲ့.. 0k ကို ကလစ်လိုက်ပါ..မိမိရဲ့ အကောင့် ထည့်ပြီရင်တော့ .မိမိ၇ဲ့ Gmail ကို ဖွင့်ကြည့်လိုက်ပါ. အပေါ်ကကျွန်တော် ပြောသလို add a forwarding address ထိ ရောက်အောင်သွာလိုက်ပါ .add a forwarding address ရဲ့ အောက်နားလေးမှာ မိမိရဲ့ ချစ်သူ အကောင့်အမည် ရှိပါလိမ့်မယ် တွေ့တယ်ဆိုရင်တော့ကိုယ်က လက်ခံမယ်ဆို၇င် save change ဆိုတာလေးကို ကလစ်ရပါမယ်..လက်မခံဘူးဆို၇င်တော့ add a forwarding addresရဲ့ဘေးမှာ remove address ဆိုတာကို ကလစ်လိုက်ရပါမယ်...

၂၄ ဘာသာကို မြန်မာလိုပြန်နိုင်ပြီ

http://www.myordbok.com
web site မှာ ဘာသာဝင်ပြန်နိုင်ပါတယ်
အင်္ဂလိပ် ကနေမြန်မာကို အွန်လိုင်းပေါ်မှာဘာသာ ပြန်နိုင်ပါပြီး။
မသိသေးတဲ့သူငယ်ချင်းတွေအတွက် သတင်းကောင်းလေးပါနော်။

english - Myanmar,
hebrew - Myanmar,
greek - Myanmar,  
portuguese - Myanmar,
arabic - Myanmar,
spanish - Myanmar,
norwegian - Myanmar,
swedish - Myanmar,
danish - Myanmar,
german - Myanmar,
russian - Myanmar,
japanese - Myanmar,
chinese - Myanmar,
korean - Myanmar,
malay - Myanmar,
vietnamese - Myanmar,
thai - Myanmar,
hindi - Myanmar,
romanian - Myanmar,
french - Myanmar,
finnish - Myanmar,
filipion - Myanmar,
polish - Myanmar & dutch - Myanmar.

အားလုံးပဲအဆင်ပြေပါစေနော်