Wednesday, February 29, 2012

Gtalk အကောင့်ဟက်ခြင်း သူငယ်ချင်း မင်း Chatting ထိုင်သွားတဲ့ခုံမှာ ငါထိုင်လိုက်တာနဲ့ မင့်အကောင့်ထဲကဘယ်သူတွေနဲ့ချက်သွားတယ်ဆိုတာငါသိလိုက်တယ်ဆိုရင်မင်းယုံမလား အဲ့ဒါကတော့ အဆန်းတော့မဟုတ်ပါဘူး နောက်ကနေကြည့်နေလို့နေမှာပေါ့လို့ပြောချင်ပြောမှာပဲ ။ဒါပေမယ့် နောက်ကနေကြည့်နေစရာမလိုပါဘူး သူငယ်ချင်းသုံးသွားတဲ့ကွန်ပျူတာကိုပဲမေးလိုက်မယ် သူကတော့အကုန်လုံးကိုသိနေတယ်လေ။အကုန်လုံးကို စာလေးနဲ့ရေးပြပါလိမ့်မယ်။သူငယ်ချင်းတာသူ့ကိုလမ်းကြောင်းပေးလိုက် ပြီးတော့ ပုန်းထားတာတွေအကုန်ပြလို့လုပ်လိုက်တာနဲ့ တွေ့ရပြီပေါ့သူငယ်ချင်းရယ် ။မှန်းစမ်း သူငယ်ချင်း ရဲ့အရှေ့မှာထိုင်သွားတဲ့သူရဲ့အကောင့်ကဘာလဲ သူဘယ်သူတွေနဲ့ချက်သွားလဲကြည့်ရအောင်။
Computer ကို click ပြီးဖွင့်ပါ။
Local Disk (C:) ကိုဖွင့်ပါ။
Users File ကိုဖွင့်ပါ။
Administor File ကိုဖွင့်ပါ။ Tool ထဲက Folder Option ကိုသွားပါ။ View မှာ Show hidden files,folders and drives. ကို click လိုက်ပါ။ ပြီးရင် Apply ကို click ပါ။
အဲ့ဒီမှာမှC:\Users\Administrator\AppData\Local\Google\Google Talk\avatars ဆိုပြီးဆက်ဖွင့်သွားပါ။ပြီးရင်တော့ပုံမှာပြ ဟော့တွေ့ပြီဗျ။

ကျွန်တော့ရဲ့အရင်ထိုင်သွားတဲ့သူ မောင်မင်းကြီးသားရဲ့အကောင့်တွေ။ အဲ့ သူတို့တွေဘယ်သူတွေနဲ့ချက်သွားလဲ ကြည့်မယ်ဆိုရင်တော့ avatars.txt file လေးကိုသာဖွင့်ကြည့်လိုက်ပေတော့ တစ်ကြောင်းခြားလေးရေးပြထားတယ်။

ကဲသူငယ်ချင်းတို့အကြိုးရှိသလိုတာသုံးကြပေးတော့
ပညာတိုးတက်ကြပါစေ................
Link ----http://www.facebook.com/groups/TechnologicalStudant/
အမျိုးအစား: H***ing

Tuesday, February 14, 2012

web hacking လေးကို အပျင်းပြေစမ်းကြည့်ရအောင် from ငပေါလေး၏ဘလော့များ


ဒါလေးကတော့ ဘာရယ်တော့မဟုတ်ပါဘူး အပျင်းပြေတာပေါ့..
ဒါပေ့မယ် သုံးတတ်ရင် site တစ်ခုမှာရှိတဲ့ ကိုယ်လိုချင်တဲ့ပုံလေးတွေကိုခိုးလို့ရတယ်နော်..
ပုံအတွက်ကတော့ တော်တော်လေးအဆင်ပြေတယ်...ကျန်တာကတော့ ကိုယ်ဟာကိုယ်ပဲ
ရှောက်ကလိကြည့်ပေါ့လေ..:D
ကဲ လေရှည်မနေတော့ဘူး တော်ကြာကျန်တဲ့သူကိုမကြောက်ရဘူး ပန့်မလေးကတော့ နည်းနည်း
ကြောက်ရတယ် သူကရှောက်ရှောက်ရေးတာ..တော်ကြာကိုလပ်ကီးက လေရှည်ကြီးလို့လည်း ရေးနေဦးမယ် မနေ့ကလည်း မာမီကီးတဲ့ရေးပြီးပြီ..ထားလိုက်ပါတော့ လေမရှည်ဘူးလို့ပြောပြီးလေရှည်မိနေပြန်ပြီး..ဟီးဟီး..
လိုရင်းကိုမရောက်တော့ဘူး..
ပထမဦးဆုံး ကိုယ်စမ်းချင်တဲ့ ၀က်ဆိုက်တစ်ခုကို အရင်ဖွင့်...
နောက်..ဖွင့်ထားတဲ့ website ရဲ့ address အကွက်မှာ
Adress ကိုဖျက်ပြီး အောက်က ကုတ်လေးကို ကော်ပီကူးပြီး ထည့်လိုက်
ပြီးရင်တော့ enter ကိုနှိပ်လိုက်...

javascript: document.body.contentEditable = 'true';

document.designMode = 'on'; void 0

ပြီးသွားပြီဆိုရင်တော့ အဲဒီ site ရဲ့ စာမျက်နှာပေါ်ကို ရောက်သွားတာနဲ့
website အတွင်း Admin တစ်ယောက်လို

ဖျက်ချင်တာကိုဖျက် ရေးချင်တာကို ပြန်ရေးနိုင်ပြီနော်...ပုံလေးတွေလဲခိုးလို့ရပြီ

သူငယ်ချင်းအားလုံးပျော်ရွှင်နိုင်ပါစေ...

Thursday, February 9, 2012

2011 ရဲ့ အကောင်းဆုံး Video Converter

 
ဟိုတစ်နေ့က toptenreviews.com ကိုဝင်ကြည့်တော့ အဲ့မှာ Video Converter Software List ကိုကြည့်တော့ AVS Video Converter ကိုသွားတွေ့တယ်။ ဒီကောင်က ထိပ်ဆုံးမှာရှိနေတာ။ NO.1 ပေါ့။ ကျွန်တော်လက်ရှိသုံးနေတဲ့ Total Video Converter က နံပါတ်-၉ မှာ။ ဒါနဲ့ NO.1 မှာရှိနေတဲ့ AVS Video Converter ကိုသုံးချင်စိတ်ပေါ်လာတာနဲ့ ဒေါင်းပြီးသုံးကြည့်လိုက်တယ်။ ဘာကောင်းလဲ ၊ ဘာကြောင့် နံပါတ်တစ် ဖြစ်နေရလဲဆိုတာ ၊ သုံးကြည့်ပြီးမှ သိလိုက်၇တယ်။ ကျွန်တော်သုံးဖူးသမျှ Video Converter  တွေထဲမှာ ဒီကောင်က အကောင်းဆုံးပဲ။ Video convert လုပ်ရင်၇လာတဲ့ quality က တခြား Converter တွေထက် ပိုကောင်းတယ်။ နောက်ကျွန်တော်တို့ရိုက်တဲ့ Video camera

မှ၇လာတဲ့ AVI ကို dvd သို့ပြောင်းသောအခါ ၊ တစ်ခြား convert တွေမှာ scence တစ်ခုနဲ့တစ်ခု ပုံရိပ်အပြောင်းမှာ မှုန်းဝါးဝါးလေးတွေ ဖြစ်ဖြစ်သွားတယ်။ ဒီ AVS Video Converter နဲ့စမ်းတာ လုံးဝကို မှုန်းဝါးဝါးမဖြစ်ဘူးဗျာ။ နောက် Frame rate အကူးအပြောင်းကလဲ လုံးဝကိုသပ်ရပ်တယ်။ နောက်ထူးခြားတာလေးတွေရှိသေးတယ်။ ပြောနေရင် လေရှည်နေအုံးမယ်။ စမ်းသပ်ချင်ရင် Post အောက်ဆုံးမှာ Mediafire Link ရှာပေးထားတယ်ဗျာ။.........

AVS VIDEO Converter (website)
TOP TEN (video converter software)
Picture
ကြိုက်ရာ Format ကိုရွေးပါ။ MKV အတွက်ကတော့ မိုက်မှမိုက်ပဲ။
Picture
Phone > Players အတွက်လဲ အစုံ၇သေးတယ်။
Picture
Facebook < Youtube အတွက်၇သေးတယ်ဗျာ။
Picture
Video Edit လုပ်ဖို့လဲ ပါသေးတယ်။
Picture
DVD အခွေအတွက် Menu တွေလဲ ပါသေးတယ်ဗျာ။
ဒီအောက်မှာ ဒေါင်းနိုင်တယ်။ Portable  ဖြစ်ပါတယ်။ AVS Video Converter 8.0.1.492 Portable
Mediafire အဆင်မပြေသူများအတွက် အောက်ကအတိုင်းဒေါင်းနိုင်ပါတယ် ခင်ဗျာ။
သူ့မူရင်းဆိုက်ကနေ software ကိုဒေါင်းလိုက်ပါ။........
http://download.avs4you.com/distributives/AVSVideoConverter.exe
နောက် အောက်က link မှာ crack ယူလိုက်ပါ.........
http://min.us/loryL7UD3gkNX

Corel Video Studio Pro X3 Tutorial ဗွီဒီယိုတည်းဖြတ်နည်း



အချိန်ရတာနဲ့ Corel Video Studio Pro X3 Tutorial ဗွီဒီယိုတည်းဖြတ်နည်းအခြေခံလေးတွေကို ဗွီဒီယိုဖိုင်နဲ့ရှင်း ပြထားပါတယ်။ ဒီဗွီဒီယိုတည်းဖြတ်နည်း tutorial ကို အခြေခံပုဂ္ဂိုလ်များအတွက်ရည်ရွယ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီဗွီဒီယိုဖိုင်လေးနဲ့ ဗွီဒီယိုတည်းဖြတ်လိုသူများအတွက် အထောက်အကူအနည်းငယ်ဖြစ်တယ်ဆိုရင်ပဲ ကျနော် ကြိုးစားတင်ပြရကျိုးရှိတယ်လို့ဆိုရမှာပါ။ Corel Video Studio Pro X3 Tutorial ဗွီဒီယိုတည်းဖြတ်နည်း အပိုင်း (၁)Corel Video Studio Pro X3 Tutorial ဗွီဒီယိုတည်းဖြတ်နည်း အပိုင်း (၂)Corel Video Studio Pro X3 Tutorial...
Read more

hj-split ဖိုင်ခွဲ-ဖိုင်ဆက်



ဒီဆော့ဝဲလ် လေးကတော့ အင်တာနက်ထဲမှာ Part 1, Part 2, Part 3 စသည်ဖြင့်ခွဲထားတဲ့ ဖိုင်တွေကို ခွဲတာ ပြန်ဆက်တာ လုပ်ပေးပါတယ်..သူရဲမူရင်း Website ကတော့ http://www.hjsplit.org ပါ....
လိုအပ်နေတယ်ဆိုရင်တော့

Youtube နှင့် အခြားသော ဝက်ဆိုက်ဒ် တွေက Video တွေကို Download Manager မရှိဘဲ ဒေါင်းရအောင်



 Youtube ကသာမက ကျန်တဲ့ Video Site တွေကပါ Software မလိုဘဲ Download ချနည်းကိုတင်ပြမှာဖြစ်ပါတယ်။Video DownloadHelper လို့ခေါ်ပါတယ်။ Firefox မှာ ပေါင်းထည့်တာနဲ့ တင် Download ကို Auto ချလို့ရမှာဖြစ်ပါတယ်။ သူ့ရဲ့ဆိုဒ်မှာ Register လုပ်ထားရင် converter ပါလုပ်ဆောင်ပေးပါတယ်။ အတော်လေးကောင်းတယ်လို့ ဆိုရမှာပါဘဲ။ Download Messenger မရှိတဲ့ သူငယ်ချင်းများအတွက် အဆင်ပြေတာပေါ့။

1. ဒီနေရာလေးကို   Click  ပြီး  Add to Firefox  ကို  click  ပြီး  Firefox  မှာ  Install လုပ်လိုက်ပါ။ ပြီးရင်  Restart  ချပါလိမ့်မည်။

2. Youtube  ကိုဖွင့်လိုက်ပါ။ အောက်ပါအတိုင်း  Button  လေး ပေါ်နေပါမည်။  Down Arrow  လေးကို  click  လိုက်ရင်  Menu Box  လေးကျလာပါမည်။ ပြီးရင်  Download  ကို  click   လိုက်ရင်  Download  စတင်ချပါသည်။ မိမိ ချလိုက်တဲ့  Video  တွေ  Desktop   ပေါ်ရောက်ပါမည်။

ကျွန်တော်တို့ ကျန်တဲ့ Movies site တွေက ချမယ်ဆိုရင်အောက်ပါအတိုင်း Address bar မှာ ပေါ်နေတဲ့ Video DownloadHelper Icon ကို click ပြီး Download ချလိုက်ပါ။အောက်က ပုံကိုကြည့်လိုက်ပါ။ အဆင်ပြေကြပါစေ မူရင်း။ ။  မိုးထက်မြင့်





.......................................................................................................................................

 အဲဒါ အဆင်မပြေသေးဘူးဆိုရင် Firefox အတွက် နောက်ထပ် add on လေး တစ်ခုရှိပါသေးတယ် သူကတော့  Easy YouTube Downloader လေးပါ   ဒီနေရာလေးမှာ 
သွားပြီး add on လုပ်လိုက်ပါ အပေါ်ကနည်းအတိုင်း Restart ပေးလိုက်ပါ ။ ကံကောင်းကြပါစေဗျာ...
                                                   

ကွန်ပျုတာရဲ့အချက်အလက်တွေကိုအလွယ်တကူသိ ချင်တယ်ဆိုရင်



ကျွန်တော်တို့တွေကွန်ပျူတာတစ်လုံးကိုအသုံးပြုနေပြီဆိုတာနဲ့မိမိရဲ့ကွန်ပျူတာမှာရှိတဲ့အချက်အလက်တွေ
ကိုသိထားသင့်တာတော့အမှန်ပါပဲ.။မိမိကကွန်ပျူတာကိုလဲသုံးတာမကြာသေးဘူး..မိမိရဲ့ကွန်ပျုတာရဲ့ CPU
အမျိုးအစားကဘာလဲ ၊ Prosser  Speed ကဘယ်လောက်လောက်ရှိသလဲ ၊ မားသားဘုတ်ကကဘာအမျိုးအစား
လဲစတဲ့မိမိရဲ့ကွန်ပျူတာနဲ့ပါတ်သတ်တဲ့အချက်အလက်တွေကိုအလွယ်တကူသိချင်တယ်ဆိုရင်အခုကျွန်တော်
တင်ပေးလိုက်တဲ့  CPU-Z  ကောင်လေးကအထောက်အကူပေးပါလိမ့်မယ်..။ဒီကောင်လေးကိုမိမိတို့ရဲ့ကွန်ပျူ
More →

ကွန်ပျုတာပြုပြင်နည်း (မြန်မာလို)


ကွန်ပျုတာကို ကိုယ်ကိုတိုင်ပြင်ချင်သူများအတွက်..နည်းလမ်းလေးတွေကို အသေးစိတ်ပုံနှင့်တကွ ဖော်ပြပေးထားသော..Ebook လေးဖြစ်ပါတယ်..
စိတ်ဝင်စားသူများ..လေ့လာနိုင်ပါတယ်..



DOWNLOAD FROM MEDIAFIRE (DOWNLOADS TIMES 1061)

DOWNLOAD FROM IFILE.IT

Wednesday, February 8, 2012

G-Mail Account Lock ကျသွားလျှင်ဖြေရှင်းနည်း


G-mail သုံးစွဲသူတွေအတွက် G-mail အကောင့်တွေ Lock ကျသွားတာတွေကြုံဖူးမှာပါ။အကောင့်ကိုဝင်လိုက်
၇င် username နဲ့ password လဲမှန်တယ်အကောင့်က၀င်လို့မ၇ပဲ စာလုံးလေးတွေ၇ိုက်ပြီးဝင်ခိုင်းတယ်။ဝင်
တော့လဲမ၇ဘူးနောက်ထပ်ပြောင်းပြီး၇ိုက်ခိုင်းနဲ့၇ွာပတ်နေတက်ပါတယ်။G-Mail အကောင့်များပျက်သွားပြီလား
သုံးလို့များမ၇တော့ဘူးလားဆိုပြီးစိတ်မပူပါနဲ့..။အောက်မှာပေးထားတဲ့လင့်လေးကနေသွားလိုက်ပါ.။Google
ကအဲ့လိုပြသနာတွေကြုံလာ၇င်ဖြေ၇ှင်းဖို့နည်းလမ်းလေးပေးထားပါတယ်.။
တကယ်လို့ကိုသုံးနေတဲ့ G-Mail
အကောင့်ကလော့ကျနေတယ်ဆို၇င်အောက်မှာပေးထားတဲ့လင့်လေးကိုသွားပါ။ပြီး၇င် Username နဲ့
Password ၇ိုက်ထည့်ပါ။ပြီး၇င်ပေးထားတဲ့စာလုံးလေးတွေကိုမှန်အောင်၇ိုက်ထည့်ပေးပါ။ပြီး၇င် unlock ကို
နှိပ်လိုက်ယုံပါပဲ။လော့ကျနေတဲ့ G-mail အကောင့်လေးပြန်ပွင့်သွားပါလိမ့်မယ်.။

 ဒီနေရာလးကနေသွားလိုက်ပါ

gmail acc ဖောက်နည်းအသစ်


ကျွန်တော်လည်း စာရေးတဲ့ ဖက်ကို မလှည့်ဖြစ်တာ တော်တော်ကြာသွားပါပြီ .. ဒီနေ့တော့ ကျွန်တော် G-Mail အကောင့်ကို ဘာကုဒ်မှ ထည့်စရာမလိုပဲ အလွယ်တကူ ဖောက်လို့ရမဲ့ နည်းလမ်းလေးကို ရေးပေးပါမယ် .. နောက်ပိုင်းတော့ အတက်နိုင်ဆုံး အားလုံးအတွက် အသုံးဝင်မဲ့ ပိုစ်တွေ ရေးပေးသွားနိုင်အောင်လည်း ကြိုးစားသွားပါမယ် .. အခုအကောင့် ဖောက်နည်းက အရင်တုန်းက G-Mail အကောင့် ဖောက်ရတာထက် လွယ်ပါတယ် .. ပုံစံလေးတော့ နည်းနည်း ပြောင်းသွားပါတယ် .. ကျွန်တော် အဆင်ပြေအောင် အောက်မှာ တစ်ဆင့်ချင်း ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် ..


အရင်ဆုံး အကောင့်တစ်ခု ဖောက်ဖို့ လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်ဖို့အတွက် ကျွန်တော် အောက်မှာ ပေးထားတဲ့ လင့်လေးကနေ သွားလိုက်ပါ ..
အပေါ်က လင့်အတွင်း သွားပြီးပြီး ဆိုရင်တော့ ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြထားသလို အဆင့်ဆင့် သွားပြီး အလွယ်တကူ လုပ်ယုံပါပဲ ..
ကျွန်တော် အောက်မှာ နမူနာ ပုံစံ ဖြည့်ပြထားပါတယ် .. ဖြည့်ပြီး သွားပြီဆိုရင်တော့ Next Step ပေးလိုက်ပါ  ..
အောက်ကပုံအတိုင်း ပေါ်လာပြီ ဆိုရင်တော့ Get started ကိုဆက်ပြီး နှိပ်လိုက်ပါ ..
အောက်ကပုံအတိုင်း G00gle Home Page ကိုရောက်သွားပြီ ဆိုရင် ပုံမှာ ပြထားတဲ့ အတိုင်း G-Mail ကို Click ပေးလိုက်ပါ ..
အောက် ကပုံအတိုင်း ပေါ်လာပြီ ဆိုရင်  Continue tore new look ကို ဆက်ပြီး Click ပေးလိုက်ပါ ..
ဒါဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့ G-Mail အကောင့် တစ်ခုကို လွယ်လွယ် ကူကူနဲ့ ဖောက်လို့ ရသွားပါလိမ့်မယ် ..