Friday, November 23, 2012

Wireless Passwords Hacking နည်းတွေကို သင်ပြပေးနေတဲ့ မြန်မာ Website.။

Wireless Passwords Hacking နည်းတွေကို သင်ပြပေးနေတဲ့ မြန်မာ Website.။

အခုမိတ်ဆက်ပေးမှာကတော့..Wireless Passwords Hacking နည်းတွေကို မြန်မာလိုသင်ပြပေး
နေတဲ့ Website တစ်ခုအကြောင်းပါ။ မိတ်ဆက်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ နည်းပညာမှန်သမျှ
ထိန်ချန်မထားကောင်းတဲ့အတွက်..ကိုယ့်လူမျိုး.ကိုယ့်နိုင်ငံတိုးတက်စေလို့တဲ့အတွက်ပါ။ တစ်ပါးသူကို
ဒုက္ခပေးချင်တဲ့ ရည်ရွယ်ချက်နဲ့တင်ပေးတာ မဟုတ်သလို တတ်မြောက်သွားရင်လဲ သူတစ်ပါးအကျိုးစီးပွား
ထိခိုက်နစ်နာအောင် မလုပ်ဖို့ အနူးအညွှတ်တောင်းပန်ထားပါရစေခင်ဗျာ။ စတင်လေ့လာသူတွေအတွက်
လဲ သေချာလေ့လာရင် တတ်မြောက်သွားမှာပါ။ ကဲ.အခု ဒီကနေ နည်းနည်းမိတ်ဆက်ပေးမယ်နော်။

Wireless passwords h*** ရာမှာ အဓိက အားဖြင့် Wireless Connection လွှတ်ပေးတဲ့
Router ရဲ့ Passwords ကိုဟက်တာပါ။ Passwords သိပြီဆိုရင်တော့ အင်တာနက်ကို အကြိုက်သုံး
ပေတော့ဘဲ.။ အဲသလို Router passwords တွေကို ဟက်ဖို့အတွက် Router မှာခံထားတဲ့
Security ကိုထိုးဖောက်ဝင်ရောက်ရပါတယ်..အဲဒါ အဓိက Main ဖြစ်ပါတယ်။အဲဒါကို ထိုးဖောက်နိုင်
ပြီဆိုရင်တော့ passwords ကိုရပါပြီ။ ဒီလို Router တွေကို ကာထားတဲ့ Security တွေကတော့

WEP,WEP2 Security
WPA,WPA2 Security တို့ပင်ဖြစ်ပါတယ်။

WEP,WEP2 Security တွေက H*** ရလွယ်သလောက် အခုနောက်ပိုင်းမှာသိပ်မသုံးတော့ပါဘူး.။
WPA,WPA2 Security ကတော့ အခုလက်ရှိအသုံးများနေသလို H*** ရတာလဲ ခက်ခဲလာပါတယ်။

ဒီတော့.ဒီလို H*** နည်းတွေကို အပျော်တမ်း စနစ်တကျ သင်ပြပေးနေတဲ့ Website ကို ၀င်ရောက်
သင့်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်ခင်ဗျာ။

လေ့လာချင်တယ်ဆိုရင်တော့ http://www.kyawmintun.co.cc/?zx=aba1263323305dc6 မှာ
ဝင်ရောက်နိုင်ပါတယ်။
Website ပိုင်ရှင်ရဲ့လိပ်စာကတော့ Dellwifi@gmail.com ပါ။

Hacking နည်းပညာမှန်သမျှ လွယ်ကူမည်မဟုတ်ပါ။

Android ဖုန်းလေးများအတွက်Application လေးများ

Android ဖုန်းလေးများအတွက်Application လေးများ

ကျနော်က ဒီတစ်ခါ သူငယ်ချင်းတို.ရဲ. Android ဖုန်းလေးတွေအတွက်အသုံးဝင်မယ်. Application လေးတွေကို ဒေါင်းလုပ်လုပ်ရအောင် free siteလေး တွေကနေရှာဖွေမျှဝေပေးလိုက်ပါတယ်နော်။
ဒါကတော. မိမိတို.Android Phone လေးကို ဓာတ်မီးလေးလိုလင်းစေမယ်. softwareလေး
http://www.android-themes.com/plus/download.php?open=0&aid=5973...
ဒါကတော. Adobe flash player v10.1.92.10လေးပါ။
http://www.android-themes.com/plus/download.php?open=0&aid=3418...
ဒါကတော.Android ဖုန်းကို piano ထည်.ပြီးတီးခေတ်နိုင်မဲ.software လေး
http://www.android-themes.com/plus/download.php?open=0&aid=6121...
ဒါကတော. မိမိပုံကိုပဲဖြစ်ဖြစ် မိမိသူငယ်ချင်းပုံကို စနောက်ချင်လိုဘဲဖြစ်ဖြစ် သရဲပုံစံလေးပြောင်းပေးနိုင်ပါတယ်။လက်ထောက်လိုက်ရင်တော. လက်ကိုသရဲက လိုက်ကိုက်တယ်နော်။
http://www.android-themes.com/plus/download.php?open=0&aid=3552...
ဒါကတော. Android ဖုန်းတွေအတွက် DJ software လေးပါ။
http://www.android-themes.com/plus/download.php?open=0&aid=5294...
Slide Unlocker software လေးပါ။
http://www.android-themes.com/plus/download.php?open=0&aid=2824...
ဒါကတော. ကစားလို.ကောင်းတဲ. Angry Birds Game လေးပါနော်။ဒေါင်းလိုက်ကြ
http://www.androidapp101.com/angry-birds-android-app-2.html
ဒါတော.ကိုယ်ပြောတဲ.စကားကိုလိုက်ပြောတဲ. စက်ရုပ်လေးပါ။ဒေါင်းကြည်.နော်။
http://www.androidapp101.com/talking-roby-celik-free-android-app-14...
ဒေါင်းပြီးရင်တော. Comment ပေးခဲ.ကြဦးနော်။

သင့်ရဲ့ Android Device အသုံးပြုရာမှာ လေးလံလာပြီဆိုရင် ပြင်ဆင်သင့်တဲ့ အချက် ၁၀ ချက် By Internet Journal

သင့်ရဲ့ Android Device အသုံးပြုရာမှာ လေးလံလာပြီဆိုရင် ပြင်ဆင်သင့်တဲ့ အချက် ၁၀ ချက် By Internet Journal

Android Device တွေဟာ လက်ရှိအချိန်မှာတော့ အသုံးပြုမှု အမြင့်မားဆုံး နေရာတစ်ခုကို ပိုင်ဆိုင်လာပြီ ဖြစ်ပါတယ်။  Open Source ဖြစ်တဲ့ Android ကို Mobile ဖုန်းတွေပေါ်မှာ အများဆုံး အသုံးပြုကြသလို၊ Tablet တွေပေါ်မှာလည်း အသုံးပြုကြတာကို တွေ့ရပါတယ်။ Android User များ အနေနဲ့လည်း မိမိအသုံးပြုတဲ့ Device ကို မြန်မြန်ဆန်ဆန် အသုံးပြုနိုင်ဖို့အတွက် နည်းလမ်း ၁၀ ခုကို ပြင်ဆင်ထားသင့်ပါတယ်။

၁။ မိမိ Device နှင့် Android Version ကိုက်ညီမှု ရှိမရှိ စဉ်းစားပါ။

Android ဟာ မကြာခဏဆိုသလို Version အသစ်တွေ ပေါ်ထွက်တဲ့ အလေ့အထရှိပါတယ်။ Version အသစ်တိုင်းမှာလည်း ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကို ထည့်သွင်းပေးထားတဲ့ အတွက် Android အသုံးပြုသူများ အနေနဲ့ Version အသစ်ကို အသုံးပြုချင် တတ်ကြပါတယ်။ တစ်ခုထည့်သွင်း စဉ်းစားရမှာက Version Upgrade ပြုလုပ်ပြီးချိန်မှာ မိမိရဲ့ Device လေးလံလာတယ်ဆိုရင်တော့ Device နဲ့ Android Version ကိုက်ညီမှု မရှိဘူးလို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။

၂။ အသုံးမပြုတဲ့ Application များကို ဖျက်ပစ်ပါ။

Storage ပမာဏများစွာ ပါဝင်တဲ့ Device တွေမှာ ဖြစ်တတ်တဲ့ ပြဿနာဖြစ်ပါတယ်။ Device Storage များပြားစွာ ပါဝင်နေတဲ့ အတွက် Application များစွာကို Install ပြုလုပ်ထားလေ့ရှိပြီး၊ အဆိုပါ Application တွေထဲက Error ပါဝင်လာမယ်ဆိုရင်တော့ ဖုန်းရဲ့ လုပ်ဆောင်ချက်တွေ လေးလံမှုရှိလာနိုင်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် မသုံးဖြစ်တဲ့ Application တွေကို ဖျက်ပစ်တာ အကောင်းဆုံးလုပ်ဆောင်ချက် တစ်ခုဖြစ်နိုင်ပါတယ်။

၃။ Device ရဲ့ စွမ်းဆောင်ရည်ကို နားလည်ပါ။

Device တစ်လုံးဟာ သက်တမ်းကြာလာတာနဲ့အမျှ လုပ်ဆောင်ချက် အားနည်းလာတာ ထုံးစံဖြစ်ပါတယ်။ ဒီတော့ သက်တမ်းကြာမြင့်နေပြီ ဖြစ်တဲ့ Device တွေမှာ နောက်ဆုံးထွက် Android Versin, Application, Game တို့ကို ထည့်သွင်း အသုံးမပြုသင့်ပါဘူး။ ဒါဆိုရင်တော့ သင့်ရဲ့ Device ဟာ သေချာပေါက် လေးလံနှေးကွေးသွားမှာ ဖြစ်ပါတယ်။

၎။ Wifi, Bluetooth, GPS, Data တို့ကို အသုံးမပြုလျှင် ပိတ်ထားပါ။

ဒီလုပ်ဆောင်ချက်တွေဟာ Android Device တစ်ခုရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်တွေထဲက အချို့ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Function တွေကိုတော့ အသုံးမပြုချိန်မှာ ပိတ်ထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ Wifi, Bluetooth တို့ဟာ နီးစပ်ရာ Device တွေကို Detect လုပ်နေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ နောက်တစ်ခုအနေနဲ့က Battery အကုန်မြန်စေတတ်ပါတယ်။

၅။ Process End အတွက် Application အသုံးပြုပါ။

Android Device တွေရဲ့ အားနည်းချက်တစ်ခုကတော့ Application အတော်များများဟာ အသုံးပြုပြီးချိန်ထိ Background မှာ ဆက်လက်ပွင့်နေခြင်း ဖြစ်ပါတယ်။ ဒီ Background မှာရှိတဲ့ Application တွေကို End ပြုလုပ်နိုင်ဖို့အတွက် Task Killer, Process Killer တို့လိုမျိုး Application တွေကို အသုံးပြုသင့်ပါတယ်။ Background Application တွေ များပြားလာပြီဆိုရင်တော့ သင့် Device ဟာ အသုံးပြုရတာ နှေးကွေးလေးလံလာမှာ ဖြစ်ပါတယ်။

၆။ Device နဲ့ သင့်တောမယ့် Web Browser ကိုသာ အသုံးပြုပါ။

Web Browser ဟာ Android Device အတွက်တော့ မရှိမဖြစ်လိုအပ်တဲ့ Application တစ်ခုဖြစ်ပါတယ်။ Default ပါဝင်တဲ့ Browser နဲ့တင် လုံလောက်မှု ရှိပေမယ့် အခြား Browser အမျိုးအစားကို ထည့်သွင်းအသုံးပြုချင်တယ်ဆိုရင်တော့ Device နဲ့ သင့်တော်မယ့် Borwser အမျိုးအစားကို ရွေးချယ်အသုံးပြုသင့်ပါတယ်။

၇။ Anti-virus Application အသုံးပြုပါ။

အခုနောက်ပိုင်းမှာတော့ Android Device တွေ ထိခိုက်မှုတွေ ရှိလာတဲ့အတွက် ထည့်သွင်းအသုံးပြုသင့်တဲ့ Application တစ်ခု ဖြစ်ပါတယ်။ မလိုအားအပ်တဲ့ ဖိုင်တွေကို လုပ်ဆောင်ချက်တွေ လေးလံမှာကို Anti-virus Application တွေက ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ Device နဲ့ သင့်တော်မယ့် အမျိုးအစားကိုတော့ User ဖက်က ရွေးချယ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။

၈။ Launcher များစွာ အသုံးပြုခြင်းကို ရှောင်ကျဉ်ပါ။

Android ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ Feature တွေထဲမှာ Launcher တွေဟာလည်း ထိပ်ဆုံးက ပါဝင်နေပါတယ်။ ဒါပေမဲ့ Launcher မှာ Error ပါဝင်ခဲ့မယ်ဆိုရင်တော့ သင့် Device ကို ကောင်းကောင်း အခက်တွေ့စေနိုင်ပါတယ်။ ဒါကြောင့် သင့် Device မှာ လေးလံမှုတွေ ရှိလာပြီဆိုရင်တော့ Default အနေနဲ့ ပါဝင်တဲ့ Launcher ကိုသာ သုံးစွဲသင့်ပါတယ်။

၉။ Keyboard များစွာကို ထည့်သွင်း အသုံးမပြုသင့်ပါ။

Android မှာ Keyboard အမျိုးအစားများစွာကို ထည့်သွင်းအသုံးပြုနိုင်ခြင်းဟာ ကောင်းမွန်တဲ့ Feature တစ်ခု ဖြစ်ပေမယ့် များပြားလှတဲ့ Keyboard တွေဟာ Type ပြုလုပ်တဲ့ အချိန်အတွက်ရော၊ အခြားအချိန်တွေမှာပါ Device လေးလံမှုကို ဖြစ်ပေါ်စေတတ်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ English, Myanmar Keyboard နှစ်မျိုးကိုသာ ထည့်သွင်း အသုံးပြုသင့်ပါတယ်။

၁၀။ Device ကို ဂရုတစိုက် အသုံးပြုပါ။

ဒီအပိုင်းဟာလည်း အရေးကြီးတဲ့ အပိုင်းပဲဖြစ်ပါတယ်။ User အနေနဲ့ Device ကို လွတ်ကျခြင်းမျိုးကို ဂရုပြုရမှာ ဖြစ်သလို၊ ဘက်ထရီကုန်သွားတဲ့အထိလည်း အသုံးမပြုသင့်ပါဘူး။ Game နဲ့ Application တွေကို အသုံးပြုပြီးချိန်မှာတောင် Process End ပြုလုပ်ပေးခြင်းအားဖြင့် မြန်ဆန်သွက်လက်တဲ့ Android Device တစ်လုံးကို သင်ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

Keylogger တွေ ကာကွယ်ဖို့ အကောင်းဆုံး anti-keylogger

Keylogger တွေ ကာကွယ်ဖို့ အကောင်းဆုံး anti-keylogger

ကျွန်တော် လက်ရှိသုံးနေတဲ့ anti-keylogger အက်အွန် လေးပါ..သူက ကီးဘုတ်မှာရိုက်သမျှတွေကို encrypt လုပ်ပေးတဲ့အတွက်..ကိုယ်ရိုက်လိုက်သမျှ စာလုံးတွေကို အမှန်အတိုင်း record မလုပ်နှိင်တော့ပါဘူး..ကိုယ်စက်ထည်းမှာ တကယ်ကီးလှော်ကာ မိထားရင်တောင်မှ ဟက်ကာတွေဆီကို စာလုံးအမှန် မရောက်နှိင်ပါ...user name တွေ password ကို encrypt လုပ်ထားတဲ့ တခြား စာလုံးတွေပဲ ရောက်နှိင်မှာပါ..တခြား anti keylogger ဆော့ဝဲတွေလို ဖိုင်ဆိုက်လည်းမကြီးသလို တခြားဗိုင်ရတ်တွေ ကီလှော်ကာ ပရိုရရမ်တွေနဲ့ ဘင်းထားတာမျိုးတွေလည်း အစိုးရိမ်ရတော့ပါဘူး..အဲ့လိုဆော့တွေ မသုံးတာအကောင်းဆုံးပါ....ဒါလေးက အသုံးပြုပုံလည်းရိုးရှင်းပါတယ်..အောက်ကလင့်ကို ကလစ်နှိပ်...firefox က install လုပ်ဖို့တောင်းရင် allow ပေးလိုက်ပါ..ပြီးရင် firefox ကို restart ချလိုက်ရင် ပြီးပါပြီ.

ဒီလင့်မှာ install လုပ်လိုက်ပါ

https://dl.dropbox.com/s/gmqo7k4kzmvp5li/anti_keylogger.xpi

မိန်းခလေးများမကြည့် ရ (for boy)

This summary is not available. Please click here to view the post.

Java. Games .240x320 touch .screen (2011) mobile ဖုန်း အတွက် gamesများ

Java. Games .240x320 touch .screen (2011) mobile ဖုန်း အတွက် gamesများ


2 / 11 / 2011

ကျွန်တော် ဘော်ဒါတစ်ယောက်က ကျွန်တော်ကို တွေ့တိုင်း သူဖုန်းထဲမှာ games ထည့်ပေးပါဆိုပြီး အမြဲတမ်း တောင်းဆိုတတ်တယ်။ ကျွန်တော်ကလည်း ကောင်းရှာပါတယ်။ google အားကိုယ်နဲ့ ရှာပြီး ထည့်ပေးလိုက်တယ်။ ဒါပေမယ့် သူဖုန်းနဲ့ သိပ်ပြီးမလိုက်ပါဘူး။ အချိန်ကလည်း သိပ်မရတော့  games တစ်ခု နှစ်ခု လောက်ပဲ ထည့်ပေးဖြစ်ပါတယ်။ နောက်မှ ထည့်ပေးမယ် နောက်မှ ထည့်ပေးမယ်နဲ့ မြန်မာနိုင်ငံသား ပီပီ ကတိတွေ ဇွတ်ပေးပြီး မထည့်ပေးတာ ၆ လလောက်ရှိနေပါပြီး။ ;))
 အခုတင်ပေးတဲ့ Java Games 240x320 touch screen (2011) ကSAMSUNG, NOKIA, LG, I mobile စတဲ့ mobile
ဖုန်းတော်တော်များများနဲ့ လိုက်ဖက်ပါတယ်။  games အမျိုးအစားကလည်း 200 နီးပါးလောက်ရှိပါတယ်။ ကိုယ်ဖုန်းနဲ့ လိုက်ဖက်မယ့် ဂိမ်းက တစ်ရာနီးပါးလောက်ရှိမှာပါ။ ကျွန်တော်လက်တွေ့ Phone တွေမှာ  ထည့်ပြီး စမ်းပြီးပါပြီး။ 57.MB ပဲရှိပါတယ်။ TRUE TOUCH ဖိုင့်နဲ့JAM TOUCH ထဲမှာ ကိုယ်ကစားချင်တဲ့ ဂိမ်းဖိုင့်တွေကို copy ကူပြီး ဖုန်း Memory Cards ထဲ   New folder တစ်ခု တည်ဆောင်ပြီး paste ချလိုက်ပါ။  ပြီးရင် အဲဒီဖိုင့်ကို သွားပြီး ကိုယ်ကစားချင်တဲ့ ဂိမ်းဖိုင့်ကို open လုပ် Run ပြီးကစားရုံပါပဲ။ အလိုရှိသူများ အောက်မှ အဆင်ပြေတဲ့ လင့်ကနေ downloads ဆွဲလိုက်ကြပါ။ 
downloads links 2 (ifile)

အနာဂတ်ကိုမျော်ကြည့်ခြင်းသို့မပာုတ်ကားhackingလုပ်ခြင်း

အနာဂတ်ကိုမျော်ကြည့်ခြင်းသို့မပာုတ်ကားhackingလုပ်ခြင်း


ယနေ့ခေတ်ကာလမှာ ကွန်ပျူတာတစ်လုံးရဲ့စနစ်ကို နှောက်ယှက်ချိုးဖောက်မှု hacking ဆိုတဲ့စကားလုံးကို အများစုကတော့ အကျွမ်းတ၀င်ဖြစ်နေပါပြီ။ အခုတော့ အဲဒီလိုကွန်ပျူတာတွေကို hacking လုပ်တာဟာ မကြာမီအနာဂတ်ကာလမှာတော့ ကားတွေကို hacking လုပ်တဲ့အဆင့်ကို ကူးပြောင်းသွားပါတော့မယ်။
ဝါရှင်တန်တက္ကသိုလ် University of Washington နဲ့ ကာလီဖိုးနီးယားတက္ကသိုလ် (ဆန်ဒီယာဂို) University of California at San Diego မှသုတေသီတွေဟာ မကြာမီကပဲ ကားနှစ်စီးကို အဝေးကနေ ဘရိတ် Lock ချနိုင်၊ အင်ဂျင်နဲ့ကားတံခါးတွေကိုပိတ်နိုင်ပြီး၊ အရှိန်ပြမီတာ speedo meter ရဲ့ပြကွက်ကိုပါ ပြောင်းလဲနိုင်တဲ့ hacking စွမ်းရည်ကိုပြသခဲ့ပါတယ်။ ၎င်းတို့ဟာ ယခုလိုကားတွေကို hacking လုပ်နိုင်ဖို့အတွက် ကားတစ်စီးမှာရှိတဲ့ electronic control system နဲ့ laptop တစ်လုံးကိုဆက်သွယ်ထားပြီး၊ အဲ့ဒီကွန်ပျူတာကို အခြားကားတစ်စီးပေါ်ကနေ ဒုတိယကွန်ပျူတာကိုသုံးပြီးထိန်းချုပ်တာ hacking လုပ်တာပါပဲ။ ၎င်းပညာရှင်များရဲ့ သုတေသနစာတမ်းကို ယခုအခါ အောက်ကလန်မှာပြုလုပ်တဲ့ IEEE Symposium On Security and Privacy ဆွေနွေးပွဲမှာ တင်ပြခဲ့ပါတယ်။ ဒီ့အတွက်ကြောင့် ကာလီဖိုးနီးယားတက္ကသိုလ် (ဆန်ဒီယာဂို) ကပညာရှင် စတီဗင်ဆဗေ့ခ်ျနဲ့ ၀ါရှင်တန်တက္ကသိုလ်မှပညာရှင် တာဒါယိုရှီခိုနိုင်တို့နဲ့တွေ့ဆုံကာ ၎င်းတို့ရဲ့စမ်းသပ်မှုတွေအကြောင်း မေးမြန်းခဲ့ပါတယ်။

သုတေသနအတွက် ခင်ဗျားတို့ဘာလုပ်ထားသလဲဆိုတာ ပိုသိချင်ပါတယ်။ ခင်ဗျားတို့က ကားကို ရုပ်ပိုင်းအရ ထိတွေ့ချိတ်ဆက်တာလား။ ဒါမှမဟုတ် အဝေးကနေချိတ်ဆက်တာလား။
(ဆဗေ့ခ်ျ) စာတမ်းထဲမှာတော့ တကယ်လို့ တစ်စုံတစ်ယောက်ကသာ ကားကို access လုပ်နိုင်တယ်ဆိုရင် နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်မလဲဆိုတာကိုပဲ အာရုံပြုထားတာပါ။ ကျွန်တော်တို့ရဲ့ကွန်ပျူတာ ကို ကားထဲက diagnostics port အပေါက်မှချိတ်ဆက်ထားပါတယ်။ အဲဒီ port ဟာ ဒရိုင်ဘာရဲ့အခြမ်းက ဒတ်ရှ်ဘုတ်ရဲ့အောက်မှာရှိပါတယ်။

(ခိုနို) - ကျွန်တော်တို့ရဲ့စာတမ်းက သီးခြားခြိမ်းခြောက်မှုတွေအကြောင်း အာရုံစိုက်တာမဟုတ်ပါဘူး။ ကျွန်တော်တို့က အနာဂတ်မှာ တိုးတက်ဖြစ်ထွန်းလာမယ့်ကားတွေမှာ နည်းပညာပိုင်းအရ ဘယ် လိုကာကွယ်မှုတွေလုပ်နိုင်သလဲဆိုတာကိုပဲ စာတမ်းမှာအာရုံပြုလေ့လာထားတာပါ။

(ဆဗေ့ခ်ျ) - ၁၉၉၀ ခုနှစ်များတုန်းက PC တွေကိုပဲ ခင်ဗျားတို့ပြန်ကြည့်လေ။ အဲဒီ PC တွေမှာ ဆော့ဖ်ဝဲပိုင်းကအားနည်းချက်၊ လုံခြုံရေးယိုပေါက်တွေရှိခဲ့တာပါပဲ။ ဒါပေမယ့် အဲဒါတွေက ဘာမှမထိ နိုင်စေခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီတုန်းက PC တွေကို အိမ်တွေမှာပဲသုံးကြပြီး၊ အရာရာနဲ့ ချိတ်ဆက်ထားတာမှမဟုတ်တာ။ ဒီနောက်တော့ ကွန်ပျူတာတွေဟာ အင်တာနက်နဲ့ချိတ်ဆက်လာကြတဲ့ အတွက်၊ အားနည်းချက်တွေကလည်း ပြင်ပတိုက်ခိုက်မှုတွေကို ဖိတ်ခေါ်လာခဲ့ကြတာပါ။ ကားတွေကလည်း အခုတော့ ကွန်ပျူတာတွေလိုဖြစ်လာနေပါတယ်။ ကားတွေမှာ ကွန်ယက်ချိတ်ဆက် ဆက်သွယ်မှုတွေကလည်း တိုးလာနေပါတယ်။ ဒါကြောင့် အဲဒီကိစ္စတွေက တကယ့်ပြဿနာတစ်ရပ်ဖြစ်မလာခင် ကားတွေထဲက system တွေကို ကာကွယ်မှုပေးနိုင်ဖို့ လိုအပ်ပါတယ်။

ကားတစ်စီးကို ဘယ်လိုထိန်းချုပ်တယ်ဆိုတာ ဖြစ်စဉ်လေးနဲ့ ပြောပြနိုင်မလား။
စက်ပြင်ဆရာပဲဖြစ်ဖြစ်၊ ကားပိုင်ရှင်ရဲ့ချစ်သူရည်းစားပဲဖြစ်ဖြစ်၊ သူတို့ဟာ ကားရဲ့စနစ်ကို access လုပ်နိုင်သူတွေပါပဲ။ သူတို့ကကားထဲကို ပရိုဂရမ်ကို download လုပ်နိုင်သူတွေပါပဲ။ သူတို့ကကားထဲကို ပရိုဂရမ်ကို download လုပ်မယ်။ ကွန်ရက်အဆက်အသွယ်ဖြတ်မယ်။ ပြီးရင်သူတို့ထည့်ထားတဲ့ code က သူအလုပ်သူလုပ်နေမယ်။ ဒီတိုက်ခိုက်မှုတွေဟာ လူတွေသိဖို့ လိုအပ်နေတဲ့အရာတွေထက် ပိုပြီးထူးခြားနေပါတယ်။

(ခိုနို) - ဒီနေ့ကာလမှာတော့ လူတိုင်းက Web Security နဲ့ botnet တွေအကြောင်းအာရုံစိုက်နေတယ်။ လာမယ့်နောက် ၅ နှစ် သို့မဟုတ် ၁၀ နှစ်အတွင်းမှာ ကားတွေကိုလည်း အဲဒီလို စိုးရိမ်စရာစာရင်းထဲ ကျွန်တော်တို့မထည့်ချင်ပါဘူး။ CarShark လို့ခေါ်တဲ့ အဲဒီလို ပုံစံတိုက်ခိုက်မှုမျိုးကိုလုပ်နိုင်တဲ့ tool တစ်ခုကို ခင်ဗျားတို့ဖန်တီးထားတယ်နော် ဟုတ်တယ်မလား။ အဲဒီ software tool ကတော့ ကျွန်တော်တို့ရေးခဲ့တာပေါ့။ အဲဒီဆော့ဖ်ဝဲကို ကားထဲက OBD - II (On-Board Diagnostics II) port နဲ့ ပလပ်ထိုးတားတဲ့ကွန်ပျူတာပေါ်မှာ run ထားနိုင်ပါတယ်။ အဲဒါက network ပေါ်မှာ လှုပ်ရှားနိုင်ပါတယ်။ အဲဒီ tool ကိုသုံးပြီး တစ်ယောက်ကကားကိုမထိန်းချုပ်နိုင်ဘူးလား။ အဲဒီ tool ကို ကျွန်တော်တို့မဖြန့်ချိဘူးလေ။ ဒါပေမယ့် အဲဒီ tool ကို အဝေးကနေသုံးနိုင်တဲ့နည်းတွေတော့ရှိတယ် မလား။ ကျွန်တော်သုတေသနမှာ အဲဒါကိုထိန်းညှိနိုင်မယ့် မျှခြေကိုရှာနေပါတယ်။ ကျွန်တော်တို့က သတိပေးရုံသက်သက်လေသံမျိုးနဲ့ ပြောနေရတာကိုစိတ်မ၀င်စားပါဘူး။ အဲဒါဟာ အလုပ်ဖြစ်မယ်လို့ ကျွန်တော်ခန့်မှန်းနိုင်မလား။ အဆုံးမတော့လည်း ဒါဟာ software ပါပဲဗျာ။ ခင်ဗျားကားပေါ်ကဆော့ဖ်ဝဲဟာ PC ပေါ်ကဆော့ဖ်ဝဲနဲ့တော့ အခြေခံအားဖြင့် ဘာမှမကွာခြားပါဘူး။ (ခင်ဗျားတို့လို) တရားဝင် သုတေသနရည်ရွယ်ချက်တွေအရလုပ်တာထက် မကောင်းတဲ့ရည်ရွယ်ချက်နဲ့တစ်ယောက်က ကားတွေကိုထိန်းချုပ်နိုင်မယ်လို့ ခင်ဗျားတို့ထင်လို့လား။ ယနေ့ကာလမှာတော့ ဒီကိစ္စကို ပြဿနာတစ်ရပ်လို့ ကျွန်တော်တို့မယူဆပါဘူး။ ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ ခြိမ်းခြောက်မှုတွေကို လူဆိုးတွေကတကယ်လုပ်မလာခင် သူတို့ရှေ့ကနေဦးဆောင်ဖို့ပါ။

ကားထုတ်လုပ်တဲ့ကုမ္ပဏီကြီးတွေနဲ့ရော ဒီကိစ္စကို ခင်ဗျားတို့ဆွေးနွေးဖြစ်ပါသလား။
(ဆဗေ့ခ်ျ) - နာမည်တော့ ထုတ်မပြောနိုင်ပါဘူး။ သင့်လျော်ရာအဖွဲ့တွေနဲ့တော့ ဆွေးနွေးထားပါတယ်။

သူတို့က အရေးတယူရှိရဲ့လား။ ဒါမှမဟုတ် ပယ်ချကြလား။
(ဆဗေ့ခ်ျ) - ကျွန်တော်တို့ ဆွေးနွေးဖြစ်သမျှလူတိုင်းကတော့ ဒီကိစ္စအလေးအနက်ထားတယ်။ အပြုသဘောနဲ့ ကြိုဆိုကြပါတယ်။

နောက်ထပ်ပြောချင်စရာလေးတွေ ရှိဦးမလား။
(ခိုနို) - ယနေ့ကမ္ဘာဟာ နည်းပညာနဲ့ပြောင်းလဲနေတဲ့ကမ္ဘာပါ။ လူတွေက “ကွန်ပျူတာ” ဆိုတဲ့စကားလုံးကိုကြားလိုက်ရင် laptop ဒါမှမဟုတ် desktop တွေလိုပဲ ပြေးမြင်နေကြတယ်။ ကျွန်တော်တို့ အနာဂတ်မှာမြင်ရမှာကတော့ ကွန်ပျူတာပစ္စည်းတွေဟာ ကျွန်တော်တို့ရဲ့လောကထဲကို နည်းအမျိုးမျိုးနဲ့ ပေါင်းစပ်ဝင်ရောက်လာမှာကိုပဲ ဖြစ်ပါတယ်။ ကွန်ပျူတာတွေဟာ ကားတွေထဲ၊ medical devices ဆေးကုသရေးပစ္စည်းပစ္စည်းတွေထဲ၊ အိမ်တွေထဲမှာ ရောနှောပေါင်းစပ်ပြီး ရှိလာပါလိမ့်မယ်။ ကျွန်တော်အမြင်ကတော့ဗျာ။ ကျွန်တော်တို့ဟာ လုံခြုံရေးကိစ္စတွေကို desktop ပေါ်က botnet တွေ၊ web browsing တွေလောက်နဲ့တင် မစဉ်းစားစေချင်ဘူး။ အနာဂတ်မှာ ကျွန်တော်တို့ရဲ့ကွန်ပျူတာတွေ ဘယ်နေရာမှာရှိတယ်ဆိုတာတွေကိုပါ စဉ်းစားစေချင်ပါတယ်။ ကားတွေကို hacking လုပ်တဲ့ ဒီသု တေသနကလည်း အဲ့ဒီအမြင်ရဲ့ တစ်စိတ်တစ်ပိုင်းပဲဖြစ်ပါတယ်။-----